၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ကူညီမှုနှင့် ပြန်လည်ထူထောင်ရေး

 

ကျွန်ုပ်တို့သည် အကျပ်အတည်း၊ နေရာရွှေ့ပြောင်းမှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်အခြေအနေများကြောင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုအဖွဲ့များကို အချိန်မီတုံ့ပြန်ကူညီမှု၊ ပြန်လည်ထူထောင်ရေးအကူအညီနှင့် ကြံ့ကြံခံနိုင်စွမ်းရှိမှုတည်ဆောက်ရေး ပံ့ပိုးမှုများမှတဆင့် ပံ့ပိုးပေးပါသည်။

 

အဓိကဝန်ဆောင်မှုများ-

  • အရေးပေါ်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ကူညီမှု
  • အမြန် လိုအပ်ချက်များကို အကဲဖြတ်ခြင်း

  • ဘက်စုံသုံး ငွေသားအကူအညီ
  • ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး ပံ့ပိုးမှု
  • ရပ်ရွာအခြေပြု တုံ့ပြန် ပံ့ပိုးကူညီမှု

၂။ သုတေသန၊ အကဲဖြတ်ခြင်းနှင့် သင်ယူခြင်း

 

ကျွန်ုပ်တို့သည် ပရိုဂရမ်အရည်အသွေးနှင့် ဆုံးဖြတ်ချက်များချခြင်းကို မြှင့်တင်ရန်အတွက် အထောက်အထားအခြေပြု သုတေသန၊ အကဲဖြတ်မှုများ၊ သုံးသပ်ချက်များနှင့် သင်ယူမှုပံ့ပိုးမှုများကို ပံ့ပိုးပေးပါသည်။

 

အဓိကဝန်ဆောင်မှုများ-

  • လိုအပ်ချက်များ အကဲဖြတ်မှုများ
  • အခြေခံအချက်များနှင့် စီမံချက်အဆုံးပိုင်း လေ့လာမှုများ
  • လုပ်ငန်းလုပ်ဆောင်ပြီးနောက် သုံးသပ်ချက်များ
  • စီမံချက်အဆုံး သုံးသပ်ချက်များ
  • နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံခြင်း

 

၃။ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ခြင်း

 

ကျွန်ုပ်တို့သည် ထိခိုက်လွယ်သောအုပ်စုများ၊ အမျိုးသမီးများ၊ ကလေးများနှင့် ဘေးဖယ်ခံထားရသော ရပ်ရွာလူထုအဖွဲ့များအတွက် ဘေးကင်းလုံခြုံသော၊ အားလုံးပါဝင်နိုင်သော၊ တာဝန်ခံမှုရှိသော အစီအစဉ်များကို အားကောင်းစေရန် ကူညီပေးပါသည်။

 

အဓိကဝန်ဆောင်မှုများ-

  • လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားလုပ်မှု၊ ထိပါးနှောင့်ယှက်မှုတို့မှ တားဆီးကာကွယ်ခြင်း(PSEAH) ပံ့ပိုးကူညီမှု
  • ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးမှုနှင့် လွှဲပြောင်းပေးပို့မှု ပံ့ပိုးကူညီမှု

  • ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့
  • ရပ်ရွာလူထု တာဝန်ခံမှု ယန္တရားများ

  • ထိခိုက်နစ်နာမှုများမှ တားဆီးကာကွယ်ရေး မူဝါဒ ထောက်ပံ့ကူညီမှု

၄။ စွမ်ဆောင်ရည်မြှင့်တင်ရေးနှင့် လေ့ကျင့်ရေး

 

ကျွန်ုပ်တို့သည် ဒေသတွင်းအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအဖွဲ့များနှင့် ရှေ့တန်းမှ လုပ်ဆောင်နေကြသော လုပ်သားများ၏ ကျွမ်းကျင်မှု၊ စနစ်များနှင့် ယုံကြည်မှုကို အားကောင်းစေသည်။

 

အဓိကဝန်ဆောင်မှုများ-

  • လေ့ကျင့်ရေးဒီဇိုင်းနှင့် ပံ့ပိုးကူညီမှု
  • စီမံချက်စက်ဝန်း စီမံခန့်ခွဲမှု
  • အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
  • နည်းလမ်းပြခြင်းနှင့် လမ်းညွှန်ပေးခြင်း
  • နည်းပညာဆိုင်ရာ အကူအညီပေးခြင်း

၅။ ကဏ္ဍအလိုက် ပံ့ပိုးကူညီမှု

 

ဂုဏ်သိက္ခာ၊ ကျန်းမာပျော်ရွှင်မှုနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူပြုသည့် အဓိက ကဏ္ဍများတွင် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးပါသည်။


အဓိကဝန်ဆောင်မှုများ-

  • စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
  • ကျန်းမာရေးနှင့် စိတ်-လူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု
  • ပညာရေးနှင့် ကလေးသူငယ်များကို အဓိကထား ပံ့ပိုးကူညီခြင်း
  • ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး မြှင့်တင်ခြင်း
  • အစားအစာနှင့် အစားအစာမဟုတ်သော ပစ္စည်း(NFI)များ ပံ့ပိုးကူညီမှု

လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း

ကာကွယ်စောင့်ရှောက်ရေး၊ ရေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH)၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ဘဝအလင်း ဖွံ့ဖြိုးရေးအဖွဲ့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြပါစို့။

 

မိတ်ဖက်လုပ်ဆောင်ရန် စတင်လိုက်ပါ။ 

အီးမေးလ် - info@life-dev.org


ဝဘ်ဆိုက် - www.life-dev.org